
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ သစ်ပုပ္ပင် ကျေးရွာအုပ်စု၊ မန်ကျည်းကုန်းကျေးရွာတွင် (၂၈-၁၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၂)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၄၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၁၆) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၃၃,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၃,၆၀၀) ကျပ်အား (၃၀-၁၂-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#bgo_dec2020