အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၆/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ် ကျောက်တစ်လုံး IDP စခန်း ပြန်လည်နေရာချထားရေးနှင့် ပိတ်သိမ်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မှုသတင်း

    ဒီဇင်ဘာ၊ ၂၁၊ နေပြည်တော် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ IDP စခန်း ကိုယ်စားလှယ်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းတွင် နေထိုင်သူများအား ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး သို့ Virtual Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။ အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် … Read more

  • လက်သန့်ဆေးရည်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၀)ရက်နေ့တွင် ရေစကြိုမြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အသုံးပြုနိုင်ရန်အတွက် Hand Sanitizer (500ml)လက်သန့်ဆေးရည်(၁၅၀)ဘူး၊ ရေစကြိုမြို့နယ်မီးသတ်ဦးစီးဌာနသို့ (၂၅)ဘူး၊ရေစကြိုမြို့နယ်ကြက်ခြေနီတပ်ဖွဲ့အသင်းသို့ (၂၅)ဘူးနှင့် ဒီပသရဖူ Quarantine Center သို့ (၅၀)ဘူးတို့အား ထောက်ပံ့ပြီးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 Source:             ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၂၀) ရက်နေ့၊ (၂၀း၃၀) နာရီအချိန်၌ ပေါက်မြို့နယ်၊ ငမို့ကြီး ကျေးရွာအုပ်စု၊ ငမို့ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၄၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၀)မျိုးပါ (၁)အိမ်ထောင်စာတို့အား (၂၁-၁၂-၂၀၂၀)ရက်နေ့၊ (၁၄း၀၀)နာအချိန်တွင် မီးဘေးသင့် အိမ်ထောင်စုထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဝယ်ရောက် ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁ -၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်မှ (၁၅:၃၀)အချိန်အထိ ဖောင်းပြင်မြို့နယ်၊ နန်းပန် ကျေးရွာအုပ်စု၊ မယ်ဇလီကျေးရွာ၊ ခုံသာကျေးရွာ၊ နန်းပန်ကျေးရွာနှင့် ဂွေးခါးကျေးရွာ အတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg … Read more

  • သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဒေါ်အေး (တဲတိုက်)ရှိ အိမ်ခြေ (၁၀၂) လုံး၊ အိမ်ထောင်စု (၁၀၆) စု၊ လူဦးရေ (၅၁၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၁- ၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_dec2020  Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတွင် (၁၃-၁၂-၂၀၂၀) ရက်နေ့မှ (၁၈-၁၂-၂၀၂၀) ရက်နေ့ထိဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၂၀) လုံး၊ လူဦးရေ(၈၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂,၀၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၇၈,၅၀ဝ) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂,၁၇၈,၅၀ဝ) ကျပ်တို့ကို (၂၁-၁၂-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ဘေးဖြစ်ပွားသည့်နေရာသို့ သွားရောက်ကာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more