လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ် (၄) ရပ်ကွက်၊ (၁၈) လမ်းထိပ်၌ မီးဘေး အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအသိပညာများရရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ဆိုင်ရာ ပညာပေး (၉’x၆’) ဗီနိုင်းပိုစတာဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#ar
#ayy_dec2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)