
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ် (၁၁) ခုတွင် ရောက်ရှိနေသော တိုက်ပွဲရှောင် အိမ်ထောင်စု (၈၅၆) စု၊ လူဦးရေ (၃,၈၀၄) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာဖိုး ထောက်ပံ့ငွေ (၃၄,၂၃၆,၀၀ဝ/-) အား အမ်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၃၀-၁၂-၂၀၂၀) ရက် နေ့ (၁၅:၃၀) နာရီအချိန်တွင် လွှဲပြောင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_dec2020
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)