ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက် မြို့နယ်ဦးစီးမှူးရုံးမှ (၁၉-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့၊ (မိုလာ ၊ ပြည့်ပင် ၊ ဘုန်းဘွဲ့ ၊ ကြီးနီ ၊ သွေးနက်) ကျေးရွာတို့တွင် COVID 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jan2021 Source:  ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဒဏ်ကြေလိမ်းဆေးဘူးများထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၁) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်များရှိ ဘိုးဘွားရိပ်သာများတွင် အသုံးပြုရန်အတွက် ဂရိတ်ဝေါဒဏ်ကြေလိမ်းဆေးဘူး (၃၆၀) ဘူး၊ ရှမ်းရိုးမဒဏ်ကြေလိမ်းဆေးဘူး (၂၆၇) ဘူး၊ စုစု ပေါင်း (၆၂၇) ဘူးတို့အား ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #mgy_jan2021 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • cycloneShelter ဆောင်ရွက်ပြီးစီးမှုအခြေအနေ ကွင်းဆင်းစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့ နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ (၁၈-၁-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံး မြို့နယ်၊ သဘော့ဆိပ်ကျေးရွာရှိ Cyclone Shelter အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #infra_dev #tny_Jan2021 Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၈-၁-၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှ (၁၅း၀၀)နာရီအချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ နဝဒေးရပ်ကွက်၊ ဇဝနဒီပရပ်ကွက်၊ ရတနာဒီပရပ်ကွက်အတွင်းရှိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေး‌ခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည် ဘူး ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_jan2021 … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ်(၁၆)ရပ်ကွက်၌ (၁၇-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)မှ လူဦးရေ (၁၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀၀၀၀/-)ကျပ်နှင့် (၇)ရက်စာ ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂၅၂၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၅၂၅၂၀၀)အား  (၁၈-၁-၂၀၂၁)ရက်နေ့ ၊(၁၃:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ များရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်း‌ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီးအား Online ဖြင့် တွေ့ဆုံဆွေးနွေးမှုသတင်း

    Source: MOSWRR ——— ဇန်နဝါရီ၁၈ ၊နေပြည်တော် ——— လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr.Dan ChuggအားZoom Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။   ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများအပါအဝင် ထိခိုက်လွယ်အုပ်စုများအတွက် COVID-19 ဆိုင်ရာ ကာကွယ်၊ တားဆီး၊ တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ အဆိုပါထိခိုက်လွယ်အုပ်စုများအတွက် လိုအပ်သောလူမှုရေးဆိုင်ရာဝန်ဆောင်မှုများနှင့် ထောက်ပံ့မှုများဆောင်ရွက်ပေးနေမှုများ၊ COVID-19ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သဖြင့် ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသော မဟာဗျူဟာများနှင့်လုပ်ငန်းစဉ်များတွင် COVID-19 … Read more