ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း


မတ်လ ၃၀ ရက်၊ နေပြည်တော်
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးကော်မတီ (Committee for Humanitarian Assistance, Resettlement and Development-CHRD) ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း ကာလရှည်ကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ရမှုများကို ဖြေရှင်းဆောင်ရွက်ခဲ့ကြတာကို တွေ့ရပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ယူစဉ်ကာလအတွင်း ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ မြေပြင်မှာအမှန်တကယ်ပြောင်းလဲဖြစ်ပေါ် တိုးတက်မှုများ ဆက်လက်ဖော်ဆောင် နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်၌ တည်ငြိမ်အေးချမ်းမှုရှိလာပြီး၊ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းလည်း ထိန်းချုပ်နိုင်နေပြီ ဖြစ်သည့်အတွက် ပဋိပက္ခဖြစ်စဉ်များကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေကြရသော တိုင်းရင်း သားများ မူလနေရင်းဒေသကျေးရွာများတွင် ပြန်လည်နေထိုင်နိုင်ရေး မိုင်းရှင်းလင်းခြင်း အပါအဝင် ပြန်လည်နေရာချထားရေးကို အထူးအလေးပေးဆောင်ရွက်လျက်ရှိတာကို အားလုံး သိပြီးဖြစ်ပါကြောင်း၊ တစ်ဖက်မှာလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေသည့် နေရပ် စွန့်ခွာသူများကို နိုင်ငံတော်၏ အကျိုးစီးပွားကို မထိခိုက်ပါက သဘောတူညီချက်များကို ဆက်လက်ဆွေးနွေးဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဆွေးနွေး၍ လက်ခံသင့်သည်များကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌကြီးက လမ်းညွှန်ခဲ့ပြီးဖြစ်ပါကြောင်း၊ CHRD ကော်မတီကို ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခကင်းဝေးပြီး ဒေသဖွံ့ဖြိုးရေး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များထဲက
လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး လုပ်ငန်းများကို ထိထိ ရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် (၁၆-၃-၂၀၂၁)ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်နှင့် အခြားပြည်နယ်များ၏ ဖွံ့ဖြိုး တိုးတက်မှုကွာခြားချက်နှင့် ကျေးလက်၊ မြို့ပြကွာဟချက်လျော့ကျစေရေးနှင့် လူမှုစီးပွားဘဝ မြင့်မားစေရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ပြီး ဒေသခံများဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရေး၊ လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် အသိပညာ၊ အတတ်ပညာများသင်ကြားနိုင်ရေး တို့အတွက် ကာလတိုအတွင်း သိသာထင်ရှားသော ရလဒ်များပေါ်ထွက်စေမည့် (Quick Win) လုပ်ငန်းများကို ရွေးချယ်အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လတ်တလောတွင် ပြန်လည်နေရာချထားမည့် တိုင်းရင်းသားများ၏ အခြေခံလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်ရေး ဦးစားပေးဆွေးနွေးပေးကြစေလိုပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား (၂၃-၁၁-၂၀၁၇) ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်” (the Arrangement on Return of the Displaced Persons from Rakhine State)နှင့် (၁၆-၁-၂၀၁၈) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် “Physical Arrangement for Repatriation of Displaced Myanmar Residents from Bangladesh under the Arrangement on Return of the Displaced Persons from Rakhine State”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ဆောက်လုပ်ပြီး ပြန်လည်လက်ခံရေး စခန်းများထိန်းသိမ်းပြုပြင်ခြင်း၊ ပြန်လည် နေရာချထားရေးအတွက် တည်ဆောက်ပြီး နေအိမ်များမှာ နေရာချထားရေးနှင့် ထပ်မံလိုအပ် ချက်များကို ဖြည့်ဆည်းနိုင်ရေးကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မတီ၏ ရန်ပုံငွေရရှိရေးနှင့် သုံးစွဲရေးဆိုင်ရာကိစ္စရပ်များအပါအဝင် ဌာနအလိုက်၊ ကဏ္ဍ အလိုက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားခဲ့ ပါသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း က ရခိုင်ပြည်နယ်အတွင်း မြေပြင်တွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့ ကြပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထား ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ယင်းနောက် ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ရခိုင်ပြည်နယ်အတွင်း လတ်တလော အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များအလိုက်၊ ကဏ္ဍအလိုက် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များ နှင့် စပ်လျဉ်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#npw_mar2021
source:MOSWRR

Sign Up

Upcoming Events