ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ဦးဝင်းကြည် (တဲတိုက်) ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု (၁၂၁) စု၊ လူဦးရေ (၅၃၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) တို့ကို (၁၈-၁-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_jan2021     Source: … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ် မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းအဖွဲ့နှင့်တွေ့ဆုံညှိနှိုင်းမှုသတင်း

    ဇန်နဝါရီ (၁၈)ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် အတွင်း မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာနှင့် ရခိုင်ပြည်နယ် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မိုင်းအန္တရာယ်အသိပညာပေး … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၁) ရက်နေ့ (၁၁:၀၀) မှ (၁၄:၀၀) အချိန်ထိ မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပြန့်ပွါးမှုများ မဖြစ်ပွါးစေရန်အတွက် ပြည်သူများအား လိုက်လံအသိပေးကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2021

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့၊ ချောင်းတက်ကျေးရွာ၊ မကျည်းကန်ကျေးရွာ၊ စလေတို့တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_jan2021

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ချင်းပြည်နယ်လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး၊ ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း‌ရေးမှူးတို့နှင့်အတူ (၁၆-၁-၂၀၂၁) ရက်နေ့ (၁၂:၀၀) အချိန်မှ (၁၃:၀၀) အချိန်ထိ ပူးပေါင်းပြုလုပ်သည့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ သီကီးရ်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် တိုက်ပွဲရှောင်အိမ်ထောင်စု (၃၁) စုတို့အတွက် ဆီ (၆)လစာ (၃၇၂)ပိဿာ၊ ဆား(၆)လစာ (၁၈၆) ပိဿာ၊ ပဲ(၆)လစာ (၃၇၂)ပိဿာ၊ တိုက်ပွဲရှောင်လူဦးရေ(၁၆၀)ဦးတို့အတွက် ဆန်ရိက္ခာ(၆)လစာ အိတ်ပေါင်း(၃၀၀) တို့ကို တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more

  • ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁-၂၀၂၁) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ တော့ဆန်(ရွာမ)ကျေးရွာ၌ TNLA နှင့် RCSS/SSA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့ဖြစ်ပွားမှုကြောင့် လက်နက်ကြီးကျမှန်၍ တစ်စိတ်တစ်ပိုင်းနှင့် ပြိုကျပျက်စီးခဲ့သောလူနေအိမ်(၆၀)လုံးအတွက် ထောက်ပံ့ငွေ (၅,၇၂၀,၀၀ဝ) ကျပ်နှင့် ပြိုကျပျက်စီးခဲ့သော လူနေအိမ်(၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုးပါ (၅) ပုံး၊ လူဦးရေ(၂၉၇)ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၂၃,၇၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆,၃၄၃,၇၀ဝ) ကျပ်အား ဆရာတော်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၇-၁-၂၀၂၁) ရက်နေ့ … Read more