Latest News
-
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီး ဌာနလက်အောက် ဦးစီးဌာန (၃) ခုမှ ဝန်ထမ်းများအား တွေ့ဆုံခြင်းနှင့် ဌာနများအား စစ်ဆေးမှုသတင်း
၇-၄-၂၀၂၁ ၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် (၇-၄-၂၀၂၁) ရက် နေ့၊နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ သွားရောက်၍ ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေ သည့် အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံနှုတ်ဆက်၍ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသိုလှောင်ရုံနှင့် ဗဟိုသိုလှောင်ရုံ (ရန်ကုန်)၏ သိုလှောင်ရုံများအား ကွင်းဆင်း စစ်ဆေး၍ ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျ သိုလှောင် ထုတ်ပေးရေး … Read more
-
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းလွှမ်းခြုံမှု မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
နေပြည်တော်၊ ဧပြီလ ၇ ရက်၊ သတင်းစဉ် ရှေးဉီးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းလွှမ်းခြုံ မှုမြင့်မားစေရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ Virtual စနစ် ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှု ဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable … Read more
-
လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Social Management Information System – SMIS) တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
၅ ဧပြီ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ် (Social Management Information System–SMIS) တည်ဆောက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အမှာစကားပြောကြားရာတွင် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများအား အကောင်အထည်ဖော်ရာတွင် သတင်းအချက်အလက် နည်းပညာကို အသုံးပြုပြီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည် ဝန်ကြီး ဌာန၏ … Read more
-
မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၂၁)
၂၀၂၁ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက် (က)မုန်တိုင်းငယ်အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရကပ္ပလီပင်လယ်ပြင်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည်ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာနိုင်ငံ၊ ထားဝယ်မြို့(Dawei)၏ အနောက်တောင်ဘက် ရေမိုင်(၂၁၅)မိုင်ခန့်၊ ကိုကိုးကွျန်းမြို့(Coco Island)၏ အရှေ့တောင်ဘက် ရေမိုင်(၂၅၅)မိုင်ခန့်နှင့် ရန်ကုန်မြို့(Yangon)၏ တောင်ဘက် ရေမိုင် (၃၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့ လျားနိုင်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။ (ခ)မုန်တိုင်းငယ်၏တည်နေရာ၊ … Read more
-
” နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၀၃/၂၀၂၁)”
၂၀၂၁ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ထုတ်ပြန်ချက် “မြန်မာနိုင်ငံအရပ်ရပ်တွင်နွေကာလဖြစ်သည့်ဧပြီလအတွင်းနေ့အပူချိန်များ တစ်ဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း ၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) အထိ တိုက်ခတ်နိုင်ပါသည်။” အကြံပြုချက် သို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်နွေကာလဖြစ်သည့်ဧပြီလအတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များအား အထူးဂရုပြုနေထိုင် … Read more
-
ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
၁ ဧပြီ၊ နေပြည်တော် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏အတိုးနှုန်းသက်သာသော IDA ချေးငွေတို့ ရန်ပုံငွေပိုင်း ဆိုင်ရာမျှဝေကျခံပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေး သူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်ကစ၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နိုင်ငံတော်ဘဏ္ဍာရန်ပုံ ငွေနှင့် ကမ္ဘာ့ဘဏ်၏ International … Read more









