Latest News
-
Hygiene Kit-E နှင့် သဘာဝဘေးအသိပညာပေး ဘေး(၉)မျိုးပါ ဗီနိုင်းပိုစတာများ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပစ္စည်း(၅)မျိုးပါ (Hygiene Kit-E) (၁,၀၀၀) ဖာနှင့် သဘာဝဘေးအသိပညာပေး ဘေး(၉)မျိုးပါ ဗီနိုင်းပိုစတာတို့အား သန်လျင်မြို့နယ်ရှိ သီလရှင်များ သတင်းသုံးနေထိုင်သည့် ကေသဝတီကျောင်းတိုက်၊ သဒ္ဓမ္မမဉ္ဇူသီလရှင်ကျောင်း၊ ခေမာရာမစာသင်တိုက်၊ သက္ကနိမ္မိတာရုံကျောင်း၊ ဝနဝါသီအေးရိပ်စံကျောင်း၊ ဝီရတီတောရကျောင်း၊ သမိဒ္ဓေါဒယတေဇာသစ်ကျောင်း၊ ပါရမီသီလရှင်စာသင်တိုက်များသို့ (၂၆-၁-၂၀၂၁) ရက်နေ့တွင် ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_jan2021
-
Hygiene Kit-E ဖာများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၁) ရက်နေ့တွင် Quarantine ဝင်ရောက်နေသူများ အသုံးပြုနိုင်ရန် ရေဦးမြို့၊ အောင်ဆန်းရပ်ကွက်၊ အထက (၁) Quarantine Center သို့ Hygiene Kit-E (၁၀) ဖာကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #sgg_jan2021 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၁) ရက်နေ့၌ ပုလောမြို့နယ်၊ လိပ်သောင်ကျေးရွာအုပ်စု၊ လိပ်သောင်ကျေးရွာ၊ လယ်ထဲကျေးရွာ၊ လယ်ဖက်ကျေးရွာ၊ ဘိုတောင်ဆိပ်ကျေးရွာနှင့် အုန်းတောကျေးရွာ တို့တွင် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် များအား အသိပညာပေးခြင်း၊ ဗွီနိုင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jan2021 Source: ပုလောမြို့နယ်ဦးစီမှူးရုံးမှ (ဘစမ)
-
ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးမှုသတင်း
ဇန်နဝါရီ ၂၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နေရပ်စွန့်ခွာရသူများ အတွက် လူသားချင်းစာနာမှု အကူအညီပေးအပ်ခြင်း ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့်သက်ဆိုင်သောလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့အစည်းမှ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယကိုယ်စားလှယ် Ms. Yukiko Iriyama တို့ဦးဆောင်သော အဖွဲ့အား ယနေ့နံနက်ပိုင်းက ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် UNHCRဌာနေကိုယ်စားလှယ်အနေဖြင့် … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၁) ရက်နေ့တွင် ပုလဲမြို့နယ်၊ ပုလဲတောင်ရပ်ကွက်၊ ပုလဲမြောက်ရပ်ကွက်၊ မုံကြိုင်းကျေးရွာ၊ အလယ်ဘုံကျေးရွာ၊ လက်တောင်းကြီးကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပေး နှိုးဆော်ခြင်းများ၊ မီးဘေး၊ ငလျင်ဘေးနှင့်ပတ်သက်၍လက်ကမ်းစာစောင်များ ဖြန့်ဝေခြင် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #sgg_jan2021 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၁) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြိုနယ်၊ ဖန်းခါးကျင်းကျေးရွာ၊ ကြီးဗဒုံကျေးရွာ၊ ဇီးတောစံပြကျေးရွာ၊ ပိုးကုန်းကျေးရွာ၊ မြို့ပေါ်ကျေးရွာများတွင် Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #sgg_jan2021









