လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၁) ရက်နေ့၌ ပုလောမြို့နယ်၊ လိပ်သောင်ကျေးရွာအုပ်စု၊ လိပ်သောင်ကျေးရွာ၊ လယ်ထဲကျေးရွာ၊ လယ်ဖက်ကျေးရွာ၊ ဘိုတောင်ဆိပ်ကျေးရွာနှင့် အုန်းတောကျေးရွာ တို့တွင် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် များအား အသိပညာပေးခြင်း၊ ဗွီနိုင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_jan2021
Source: ပုလောမြို့နယ်ဦးစီမှူးရုံးမှ (ဘစမ)