
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပစ္စည်း(၅)မျိုးပါ (Hygiene Kit-E) (၁,၀၀၀) ဖာနှင့် သဘာဝဘေးအသိပညာပေး ဘေး(၉)မျိုးပါ ဗီနိုင်းပိုစတာတို့အား သန်လျင်မြို့နယ်ရှိ သီလရှင်များ သတင်းသုံးနေထိုင်သည့် ကေသဝတီကျောင်းတိုက်၊ သဒ္ဓမ္မမဉ္ဇူသီလရှင်ကျောင်း၊ ခေမာရာမစာသင်တိုက်၊ သက္ကနိမ္မိတာရုံကျောင်း၊ ဝနဝါသီအေးရိပ်စံကျောင်း၊ ဝီရတီတောရကျောင်း၊ သမိဒ္ဓေါဒယတေဇာသစ်ကျောင်း၊ ပါရမီသီလရှင်စာသင်တိုက်များသို့ (၂၆-၁-၂၀၂၁) ရက်နေ့တွင် ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ar
#ygn_jan2021