ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၉-၁-၂၀၂၁)ရက်နေ့၊(၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မြလေးချောင်ကျေးရွာနှင့် ထန်းပင်ချောင်လေးကျေးရွာတို့တွင် နေထိုင်သော ပြည်သူများအား Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ကြေညာ ခဲ့ခြင်းနှင့် လက်ကမ်းစာစာင်များ ဝေငှခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jan2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၁) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးလျှက်ရှိသော ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့(စောဘွား)ကျေးရွာသို့ သောက်သုံးရေ (၂၂၅၀) ဂါလံ သွားရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_drg #kyh_jan2021 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၁) ရက်နေ့တွင် အရာတော်မြို့နယ်အတွင်းရှိ အောင်သာကုန်းကျေးရွာ၊ ပျော်ပုံကျေးရွာ၊ ကျောက်စရစ်ကန်၊ စည်သာကျေးရွာတို့ရှိ ပြည်သူများအား Covid-19 ကူးစက် ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအားအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #sgg_jan2021 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၁) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ သြရမကျေးရွာ(ဘုန်းကြီးကျောင်း)ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၇၁)စု၊ လူဦးရေ(၂၆၈)ဦး တို့အတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၈၃)အိတ်၊(၁၈)ပြည်နှင့် ခွေးသေကျေးရွာ (ဘုန်းကြီးကျောင်း)ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၉)စု၊လူဦးရေ(၉၄)ဦးတို့အတွက် ဆန်(၂၉) အိတ်၊ (၉)ပြည်တို့အား ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ စခန်းတာဝန်ခံများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_otr #rke_jan2021 Source: ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သိုလှောင်ရုံအဆောက်အဦးမြေနေရာအတွက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရံပုံငွေဖြင့် ဆောက်လုပ်မည့် ရွှေဘိုခရိုင်ဦးစီးမှူးရုံး သိုလှောင်ရုံ (၆၀ x ၄၀ x ၁၄)ပေ RCC(၁)ထပ် အဆောက်အဦပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဒုခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူး၊ အမှုဆောင်အရာရှိ(ခရိုင်စည်ပင်)၊ တင်ဒါအောင်မြင်သောကုမ္ပဏီနှင့်တို့နှင့်အတူ (၂၈-၁-၂၀၂၁) နေ့ နံနက်ပိုင်း (၀၈:၃၀) အချိန်တွင် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #offic_dev #sgg_Jan2021

  • မီးဘေးအသိပညာပေး ပိုစတာဆိုင်းဘုတ်အား စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၁) ရက်နေ့၌ ခင်ဦးမြို့နယ်အတွင်းရှိ မိဘပြည်သူများ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ သိရှိနိုင်စေရန်အတွက် ခင်ဦးမြို့မရဲစခန်းနှင့်မျက်နှာချင်းဆိုင် အထက်တန်းကျောင်းရှေ့တွင် (၉ x ၆) ပေ မီးဘေးအသိပညာပေး ပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jan2021