
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၁) ရက်နေ့၌ ခင်ဦးမြို့နယ်အတွင်းရှိ မိဘပြည်သူများ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ သိရှိနိုင်စေရန်အတွက် ခင်ဦးမြို့မရဲစခန်းနှင့်မျက်နှာချင်းဆိုင် အထက်တန်းကျောင်းရှေ့တွင် (၉ x ၆) ပေ မီးဘေးအသိပညာပေး ပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_jan2021