လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၁) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ သြရမကျေးရွာ(ဘုန်းကြီးကျောင်း)ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၇၁)စု၊ လူဦးရေ(၂၆၈)ဦး တို့အတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၈၃)အိတ်၊(၁၈)ပြည်နှင့် ခွေးသေကျေးရွာ (ဘုန်းကြီးကျောင်း)ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၉)စု၊လူဦးရေ(၉၄)ဦးတို့အတွက် ဆန်(၂၉) အိတ်၊ (၉)ပြည်တို့အား ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ စခန်းတာဝန်ခံများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_otr
#rke_jan2021
Source: ပုဏ္ဏားကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)