ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၁)ရက်နေ့ (၀၁:၀၀)နာရီ အချိန်ခန့်တွင်မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာအုပ်စုတွင် မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၆)ဦး အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀၀/-) ကျပ်နှင့် ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ(၄၆၀၃၆/-)ကျပ်တို့အား (၁၈-၆-၂၀၂၁)ရက်နေ့ (၁၅:၃၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw … Read more

  • ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ အခန်းကဏ္ဍများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

    နေပြည်တော်၊ ဇွန်လ (၁၈)ရက်၊ သတင်းစဉ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြည်ထောင်စုရှေ့နေချုပ်ရုံးက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ ပထမဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် ကလေး … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စုနှင့် ရွေပြည်သာယာကျေးရွာအုပ်စုတို့တွင် (၁၆-၆-၂၀၂၁)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၂၉) လုံးပြိုကျခဲ့ပြီး (၂၆)လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ရာ အိမ်ထောင်စု(၅၅)စု လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါ လေဘေးသင့် အိမ်ခြေ(၅၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၂၀၀၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၄၂၃ဝဝိ/-) ကျပ်၊ စုစုပေါင်း (၄၅၄၂၃၀၀/-)ကျပ်အား (၁၈-၆-၂၀၂၁)ရက်နေ့ (၁၃း၃၀)အချိန်တွင် ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_sgw … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ရေကျော်ကျေးရွာအုပ်စု၊ ပလူးကျေးရွာအုပ်စုနှင့် ကင်မွန်းခြုံကျေးရွာအုပ်စုတို့တွင် (၁၆-၆-၂၀၂၁)ရက်နေ့၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၁၇)လုံး ပြိုကျခဲ့ပြီး၊ အိမ်ခြေ(၅၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ရာ အဆိုပါ လေဘေးသင့်အိမ်ခြေ(၇၂)လုံးမှ အိမ်ထောင်စု(၇၂)စုနှင့် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၅၀၀, ၀၀ဝ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၅၆,၅ဝဝ/-)ကျပ်အား (၁၈-၆-၂၀၂၁)ရက်နေ့၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jun2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မန်းကလဲ့ငုတောကျေးရွာအုပ်စု၊ မန်းကလဲ့ကျေးရွာတွင် (၁၆-၆-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ(၁၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုးငွေ (၄,၂၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ(၁၀၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး (၁)ပုံးတို့အား (၁၈-၆-၂၀၂၁)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_jun2021

  • နေရပ်ပြန်နေထိုင်လိုသည့်တိုက်ပွဲရှောင်ပြည်သူများအား ဆန်ရိက္ခာ(၁)လစာထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၁) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင် တိုက်ပွဲ ရှောင်စခန်းမှ နေရပ်ပြန်နေထိုင်လိုသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၄၈)စု၊ လူဦးရေ (၂၇၇) ဦးနှင့် ကန်စောက်တိုက်ပွဲရှောင်စခန်းမှ နေရပ်ပြန်နေထိုင်လိုသည့် တိုက်ပွဲရှောင် အိမ်ထောင် စု(၁၀၄)စု၊ လူဦးရေ(၄၇၃)ဦး စုစုပေါင်းအိမ်ထောင်စု(၁၅၂)စု၊ လူဦးရေ (၇၅၀) ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၂၃၄)အိတ် (၉)ပြည်အား ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ အဖွဲ့ဝင်များနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခန်းမ၌ ရပ်ကွက်/ … Read more