လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စုနှင့် ရွေပြည်သာယာကျေးရွာအုပ်စုတို့တွင် (၁၆-၆-၂၀၂၁)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၂၉) လုံးပြိုကျခဲ့ပြီး (၂၆)လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ရာ အိမ်ထောင်စု(၅၅)စု လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါ လေဘေးသင့် အိမ်ခြေ(၅၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၂၀၀၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၄၂၃ဝဝိ/-) ကျပ်၊ စုစုပေါင်း (၄၅၄၂၃၀၀/-)ကျပ်အား (၁၈-၆-၂၀၂၁)ရက်နေ့ (၁၃း၃၀)အချိန်တွင် ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ygn_jun2021

Sign Up

Upcoming Events