Latest News
-
အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၁) ရက်နေ့၌ မိုးရာသီတွင်ဖြစ်တတ်သော ရေကြီးခြင်းနှင့် မုန်တိုင်းဘေး အန္တရာယ်များအကြောင်းသိရှိနိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jun2021
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာအုပ်စုတွင် (၁၃-၆-၂၀၂၁)ရက်နေ့၊ (၁၈း၃၀)အချိန် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးအမိုးလန်ပျက်စီးခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၂)စုမှ ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀၀/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ(၁၂၁၀၀၀/-)ကျပ်အား (၁၆-၆-၂၀၂၁)ရက်နေ့ တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ygn_jun2021
-
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့အစီအစဉ် ဆက်လက်ကျင်းပပြုလုပ်
၁၆-၆-၂၀၂၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့အစီအစဉ်ကို ယနေ့နံနက်(၉:၀၀)နာရီတွင် နေပြည်တော် ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ စုပေါင်း အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၃)ခုမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၊ လူကုန်ကူးခံရသူများယာယီစောင့် ရှောက်ရေးဂေဟာနှင့် လူကုန်ကူးခံရသူများအတွက် သတင်းအချက်အလက်မျှဝေရာစင်တာတို့မှ တာဝန်ရှိသူများ … Read more
-
လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၆-၂၀၂၁) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်၊ ကယ်ဆယ်ရေးရပ်၊ လူနေအိမ်(တစ်စိတ်တစ်ပိုင်းပျက်စီး)(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၃၀,၀၀ဝ) ကျပ်၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၄,၁ဝဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇၄,၁ဝဝ) ကျပ်တို့ကို (၁၆-၆-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရိအချိန်တွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ထမ္မရာဇ်ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၆-၆-၂၀၂၁ ရက်နေ့တွင် မုတ်သုံအကြိုကာလဖြစ်သဖြင့် လေပြင်းတိုက်ခတ်မှု၊ မုန်တိုင်းအန္တရာယ်နှင့် ရေကြီးမှုအန္တရာယ်များအတွက် သတိထားကြိုတင်ပြင်ဆင်နိုင်စေရန် လူစည်ကားရာနေရာများဖြစ်သော ဈေးနှင့် ဘဏ်တို့၌ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jun2021
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ဇွန် (၁၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ … Read more









