Latest News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၁) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ရွှေဘိုရပ်ကွက်နှင့် ရှေ့ဆောင်ရပ် ကွက်တို့တွင် Covid-19 ကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_Feb2021
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ ကညင်ငူကျေးရွာတွင် (၃-၂-၂၀၂၁) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ (၃၀၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၉၄၀ဝ/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ(၃၂၉၄၀ဝ/-)ကျပ်အား (၄-၂-၂၀၂၁) ရက်နေ့ (၁၆:၀၀)နာရီအချိန် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_feb2021 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အင်းတကော ကျေးရွာအုပ်စု၊ ရေလယ်ချောင်းကျေးရွာ၌ (၃-၂-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ (၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၃၀၀၀၀၀/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ(၁၈၉၀၀/-)၊ စုစုပေါင်း ကယ်ဆယ် ရေးရန်ပုံငွေ(၃၁၈၉၀၀/-)နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုးပါ (၂)ပုံး (၁၈)မျိုးပါ (၁)ပုံးတို့အား (၄-၂-၂၀၂၁)ရက် နေ့၊ (၁၅:၀၀) အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ရှေ့မှောက်၌ ဘေးသင့် ပြည်သူများ … Read more
-
COVID-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဇီးကုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၁) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စု၊ ဝက်ကော်အောက်ရှမ်းစုကျေးရွာ၊ ဝက်ကော်အထက်ရှမ်းစုကျေးရွာ၊ ရှားဖြူကုန်းကျေးရွာ၊ အုတ်ဖိုစု ကျေးရွာ၊ ဆင်ကုန်တိုင်ကျေးရွာ၊ သစ်မျှောလေးကျေးရွာနှင့် သစ်မျှောကြီးကျေးရွာတို့တွင် COVID-19 ကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုးအိမ်ထောင်စု (၂၁) စုများအား အိမ်ထောင်စု(၁)စုလျှင် (၂၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၂၀၀၀၀/-)ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #bgo_feb2021 … Read more
-
ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍အသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂-၂-၂၀၂၁) ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ငလျင် ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးနောက်ပိုင်း လိုက်နာဆောင်ရွက်သင့်သည့်အချက်များနှင့် ဌာနတွင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ပြည်သူများသိရှိအောင် Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ #ar_eqk #shn_feb2021 Source: တာချီလိတ်မြို့နယ်ဦးစီမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပင်းဝကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ၌ (၃၁-၁-၂၀၂၁) ရက်နေ့တွင် ရေနွေးအိုးတည်ရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ် ၊ လူဦးရေ(၃)ဦးအတွက်ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ငွေ(၆,၃၀၀/-)ကျပ် ၊စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀) ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှုးနှင့်အတူ တာဝန်ရှိသူများထံ (၂-၂-၂၀၂၁) ရက်နေ့၊ (၁၃:၃၀)နာရီ အချိန်တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_feb2021 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









