
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂-၂-၂၀၂၁) ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ငလျင် ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးနောက်ပိုင်း လိုက်နာဆောင်ရွက်သင့်သည့်အချက်များနှင့် ဌာနတွင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ပြည်သူများသိရှိအောင် Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
#ar_eqk
#shn_feb2021
Source: တာချီလိတ်မြို့နယ်ဦးစီမှူးရုံး (ဘစမ)