လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပင်းဝကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ၌ (၃၁-၁-၂၀၂၁) ရက်နေ့တွင် ရေနွေးအိုးတည်ရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ် ၊ လူဦးရေ(၃)ဦးအတွက်ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ငွေ(၆,၃၀၀/-)ကျပ် ၊စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀) ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှုးနှင့်အတူ တာဝန်ရှိသူများထံ (၂-၂-၂၀၂၁) ရက်နေ့၊ (၁၃:၃၀)နာရီ အချိန်တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_feb2021
Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)