ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မိန့်ခွန်းပါ အချက်အလက်များအား အရာထမ်း/ အမှုထမ်းများသို့ ရှင်းလင်းပြောကြားသည့် အခမ်းအနားကျင်းပပြုလုပ်မှုသတင်း

    ၂၅-၂-၂၀၂၁၊ နေပြည်တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ တွင် နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားခဲ့သည့် မိန့်ခွန်းပါအချက် အလက်များအားထုတ်နုတ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်သို့ ထပ်ဆင့်ညွှန်ကြားကာ နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ဒီကနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမတွင် Zoom Meeting ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက … Read more

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ​လေးအိမ်စု​​​ကျေးရွာတွင် (၃၀-၁-၂၀၂၁)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော မီး​ဘေး​ကြောင့် ဒဏ်ရာရသူ(၂)ဦးနှင့် ​သေဆုံးသူ(၂)ဦးတို့အတွက် ထောက်ပံ့​ငွေ(၇၀၀,၀၀၀/-)အား (၁၉-၂-၂၀၂၁)ရက်​နေ့ (၁၃:၀၀)အချိန်တွင် ​မြို့နယ်အုပ်ချုပ်​​ရေးမှူးနှင့်အတူ ​​ဘေးသင့်ပြည်သူများလက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။   #ha_fir #mgy_feb2021 Source:   မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ​ကဒီး​ကျေးရွာ၊ ​လေးအိမ်တွင် (၃၀-၁-၂၀၂၁) ရက်​နေ့၌ ဖြစ်ပွားခဲ့​သော မီး​ဘေး​ကြောင့် ဒဏ်ရာရသူ(၂)ဦးနှင့် ​သေဆုံးသူ(၂)ဦးတို့အတွက် ထောက်ပံ့​ငွေ (၇၀၀,၀၀၀/-)ကျပ်အား (၁၉-၂-၂၀၂၁) ရက်​နေ့ (၁၃:၀၀)အချိန်တွင် ​မြို့နယ်အုပ်ချုပ်​​ရေးမှူးနှင့်အတူ ​​ဘေးသင့်ပြည်သူများလက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_feb2021 Source:   မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ဝန်ထမ်းများ၏ အသက်(၃)နှစ်အောက်ကလေးများအတွက် ဖွင့်လှစ်ထားရှိသည့် မေမေ့ရင်ခွင်နေ့ကလေးထိန်းဌာနသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်မှ သွားရောက်ကြည့်ရှုခြင်းနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းတာဝန်များနှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ တင်ပြရှင်းလင်းသည့် အစည်းအဝေးသို့ တက်ရောက်ခြင်း

    လူမှုဝန်ထမ်းဦးစီးဌာန၌  ဝန်ထမ်းများ၏ အသက်(၃)နှစ်အောက် ကလေးများအတွက်ဖွင့်လှစ်ထားရှိသည့် မေမေ့ရင်ခွင်နေ့ကလေးထိန်း ဌာနသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့်တကွ အမြဲတမ်း အတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များလိုက်ပါ၍ ကလေးငယ်များအားပြုစု စောင့်ရှောက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ နေ့ကလေးထိန်းဌာနတွင် သား/သမီး ရင်သွေးငယ် လေးများအား မုန့်၊ ပဲနို့နှင့် အရုပ် လက်ဆောင် ပစ္စည်းများပေးခဲ့ပါသည်။ ဆက်လက်၍ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်   တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် … Read more

  • အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်အမှတ်စဉ် (၀၂/၂၀၂၁)

    ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက် ======================================= “ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန်တိုင်းထွာချက်များအရ အနောက်ဘက်မှရွေ့လျား လာသော လေပွေလှိုင်းများကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း (၁၇.၂.၂၀၂၁) ရက်နေ့မှ (၂၁.၂.၂၀၂၁) ရက်နေ့အတွင်း မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါ သည်။”   အကြံပြုချက် … Read more

  • Covid-19 ကူးစက်မှု မဖြစ်ပွား​စေရန်နှင့် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၂၁) ရက်နေ့၊ (၁၀:၃၀)နာရီ အချိန်မှစ၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း​မြို့၊ ဒေါင့်ကြီးဘက် ကျေးရွာအုပ်စု၊ ဒေါင့်ကြီးဘက်ကျေးရွာ၊ တာလေးပိုင်း ကျေးရွာ၊ ရွှေကျောင်းပိုင်းကျေးရွာနှင့် သရက်ချောင်း (အထက်စု)ကျေးရွာတို့တွင် Covid-19 ကူးစက်မှု မဖြစ်ပွား​စေရန်နှင့် သဘာဝ​​ဘေးနှင့်ပတ်သက် သည့် ဆောင်ရန်/ရှောင်ရန်များ ကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူ တို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2021 Source:  ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)