ဝန်ထမ်းများ၏ အသက်(၃)နှစ်အောက်ကလေးများအတွက် ဖွင့်လှစ်ထားရှိသည့် မေမေ့ရင်ခွင်နေ့ကလေးထိန်းဌာနသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်မှ သွားရောက်ကြည့်ရှုခြင်းနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းတာဝန်များနှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ တင်ပြရှင်းလင်းသည့် အစည်းအဝေးသို့ တက်ရောက်ခြင်း

လူမှုဝန်ထမ်းဦးစီးဌာန၌  ဝန်ထမ်းများ၏ အသက်(၃)နှစ်အောက် ကလေးများအတွက်ဖွင့်လှစ်ထားရှိသည့် မေမေ့ရင်ခွင်နေ့ကလေးထိန်း ဌာနသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့်တကွ အမြဲတမ်း အတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များလိုက်ပါ၍ ကလေးငယ်များအားပြုစု စောင့်ရှောက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ နေ့ကလေးထိန်းဌာနတွင် သား/သမီး ရင်သွေးငယ် လေးများအား မုန့်၊ ပဲနို့နှင့် အရုပ် လက်ဆောင် ပစ္စည်းများပေးခဲ့ပါသည်။

ဆက်လက်၍ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်   တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ ဖွဲ့စည်းထား ရှိမှု၊ လုပ်ငန်းတာဝန်များနှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ တင်ပြရှင်းလင်း သည့်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏ လုပ်ငန်းနယ်ပယ်များသည် များပြားကျယ်ဝန်း ပါကြောင်း၊ မိမိတို့ဌာနတစ်ခုတည်းသာမက ပြည်သူ့အတွက်ဝန်ဆောင်မှု လုပ်ငန်းများကို ဆက်စပ်ဝန်ကြီးဌာန အချင်းချင်းအပြင် UN, NGOs, CSO များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ကြရပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ချမှတ်ထားသော မူဝါဒများ၊ လက်မှတ်ရေးထိုးထားသော နိုင်ငံတကာသဘောတူစာချုပ်များ အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုအပ်မှာ ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်လိုပါကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့မှ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်    တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်း တာဝန်များနှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ နောက်ခံအချက်အလက်၊ ရေးဆွဲထားရှိမှုအခြေအနေများ၊ လုပ်ငန်းစီမံချက်ပါ ဆောင်ရွက်ရမည့်လုပ်ငန်း အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ဆွေး‌နွေးခြင်းနှင့် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာ ကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 

#hl1_otr

#npw_feb2021

Source:  MOSWRR

Sign Up

  • Upcoming Events