လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ကဒီးကျေးရွာ၊ လေးအိမ်တွင် (၃၀-၁-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဒဏ်ရာရသူ(၂)ဦးနှင့် သေဆုံးသူ(၂)ဦးတို့အတွက် ထောက်ပံ့ငွေ (၇၀၀,၀၀၀/-)ကျပ်အား
(၁၉-၂-၂၀၂၁) ရက်နေ့ (၁၃:၀၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_feb2021
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)