ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၁) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာအုပ်စု၊ ကတ္တလူကျေးရွာတွင် မီးဖိုရှိမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ဆုံးရှုံးခဲ့ရသော ဓနိမိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ်(၁)လုံး လုံးဝပျက်စီးခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်လုံးဝပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်၊ မီးဘေးသင့် လူဦးရေ (၂) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀)ကျပ်အား (၉-၆-၂၀၂၁) ရက်နေ့ (၁၁:၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • (၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ ပါဝင်တက်ရောက်

    နေပြည်တော်၊ ဇွန် ၈ အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM) ၏ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက တစ်နှစ်လျှင် (၂) ကြိမ် ပုံမှန်အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ (၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်သော စင်္ကာပူနိုင်ငံ က Online ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆက်စပ်အစည်းအဝေးများ၏ … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခြင်းနှင့် မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည် မြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာအုပ်စု၊ ကွမ်းအုံကျေးရွာ အုပ်စုနှင့် မိချောင်းအိုင်ကျေးရွာအုပ်စုတို့တွင် (၄-၆-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၄) လုံးနှင့် အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၈၅၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၄၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၂,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၄၂,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more

  • လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုတ်တွင်းမြို့နယ်၊ တောပုကျေးရွာအုပ်စု၊ သိုက်ကုန်းကျေးရွာနှင့် ဝဲကြီးကျေးရွာတို့တွင် (၄-၆-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၄၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၄၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၂,၉၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄၂,၉၀၀) ကျပ်အား (၈-၆-၂၀၂၁) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့် (၂၀၀၉) သုံးသပ်ပြင်ဆင်ရေးနှင့် သဘာဝဘေး အသိပညာပေးလုပ်ငန်းများ၊ သဘာဝဘေးဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း

    ဇွန်လ(၈)ရက်၊ နေပြည်တော် သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့် (၂၀၀၉)ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ရေးဆွဲနိုင်ရေး ဆောင်ရွက်ရန်နှင့် သဘာဝဘေးအသိပညာပေးလုပ်ငန်းများ၊ သဘာဝဘေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန အတွင်း ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မေလ(၂၇)ရက်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် အမျိုးသားကော်မတီ ဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌက သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့် … Read more

  • မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆-၆-၂၀၂၁) ရက်နေ့ (၀၉း၅၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ ကမနင်းကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးဖြစ်စဥ်တွင် သေဆုံးသူကျား (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် ဒဏ်ရာရသူကျား (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀,၀၀၀) ကျပ်အား (၈-၆-၂၀၂၁) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mon_jun2021