မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆-၆-၂၀၂၁) ရက်နေ့ (၀၉း၅၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ ကမနင်းကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးဖြစ်စဥ်တွင် သေဆုံးသူကျား (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် ဒဏ်ရာရသူကျား (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀,၀၀၀) ကျပ်အား (၈-၆-၂၀၂၁) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_tls
#mon_jun2021

Sign Up

Upcoming Events