ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၂၁) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ အောက်ကျောင်းကျေးရွာအုပ်စု၊ အောက်ကျောင်းကျေးရွာနှင့် ကျိုက်ထော်ကျေးရွာအုပ်စု၊ ကျိုက်ထော်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၁၀)လုံးအတွက် ထောက်ပံ့ငွေ(၁,၁၀၀,၀၀ဝ)ကျပ်၊ အမိုးလန်နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝ)ကျပ်၊ ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၁၀)ပုံး၊ လူဦးရေ(၄၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၈၈,၂၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၃၈,၂၀ဝ) ကျပ်အား (၁၉-၆-၂၀၂၁) ရက်နေ့ (၁၁:ဝဝ) နာရီအချိန်တွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ​နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်မြောက်ပိုင်း ခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ အမှတ် (၃) ရပ်ကွက်တွင် (၁၆-၆-၂၀၂၁) ရက်နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ခြေ (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀/-) ကျပ်တို့အား (၂၀-၆-၂၀၂၁) ရက်နေ့၊ (၁၀:၄၅) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ygn_jun2021 Source:       … Read more

  • လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ အင်းလျားကျေးရွာတွင် (၁၄-၆-၂၀၂၁) ရက်နေ့တွင် ​​​​ ​ လေ​ဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(ဝါး-၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀ဝ)ကျပ်၊ ​စုစုပေါင်းလူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၈,၄၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈,၄၀ဝ) ကျပ်နှင့် ကယ်ဆယ်​​ရေးပစ္စည်း(၁၇)မျိုးပါ (၁) အိမ်ထောင်စုစာ (၄၉,၀၃၆) ကျပ်အား (၁၇-၆-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၁)ရက်နေ့ (၀၁:၀၀)နာရီ အချိန်ခန့်တွင်မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာအုပ်စုတွင် မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၆)ဦး အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀၀/-) ကျပ်နှင့် ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ(၄၆၀၃၆/-)ကျပ်တို့အား (၁၈-၆-၂၀၂၁)ရက်နေ့ (၁၅:၃၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw … Read more

  • ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ အခန်းကဏ္ဍများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

    နေပြည်တော်၊ ဇွန်လ (၁၈)ရက်၊ သတင်းစဉ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြည်ထောင်စုရှေ့နေချုပ်ရုံးက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ ပထမဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် ကလေး … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စုနှင့် ရွေပြည်သာယာကျေးရွာအုပ်စုတို့တွင် (၁၆-၆-၂၀၂၁)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၂၉) လုံးပြိုကျခဲ့ပြီး (၂၆)လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ရာ အိမ်ထောင်စု(၅၅)စု လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါ လေဘေးသင့် အိမ်ခြေ(၅၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၂၀၀၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၄၂၃ဝဝိ/-) ကျပ်၊ စုစုပေါင်း (၄၅၄၂၃၀၀/-)ကျပ်အား (၁၈-၆-၂၀၂၁)ရက်နေ့ (၁၃း၃၀)အချိန်တွင် ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_sgw … Read more