လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ မြစ်ဆယ်ကျေးရွာအုပ်စု၊ အင်းလျားကျေးရွာတွင် (၁၄-၆-၂၀၂၁) ရက်နေ့တွင် ​​​​ ​ လေ​ဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(ဝါး-၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀ဝ)ကျပ်၊ ​စုစုပေါင်းလူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၈,၄၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈,၄၀ဝ) ကျပ်နှင့် ကယ်ဆယ်​​ရေးပစ္စည်း(၁၇)မျိုးပါ (၁) အိမ်ထောင်စုစာ (၄၉,၀၃၆) ကျပ်အား (၁၇-၆-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ayy_jun2021

Sign Up

Upcoming Events