ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သံလျင်မြို့၊ သဘာဝတရားရိပ်သာသို့ ဆန်အိတ်များလှူဒါန်းခြင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ သန်လျင်ပရိဟိတသဘာဝတရားရိပ်သာကြီးတွင် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း(၄၃၀၀)ဦးအတွတ် ဆန်ရိက္ခာ(၂)ပတ်စာ ငွေကျပ်(၁၆,၃၀၂,၀၀၀/)တန်ဖိုးရှိ ဆန်အိတ်(၆၂၇)အိတ်အား (၁၆-၇-၂၀၂၁)ရက်နေ့ (၁၄:၀၀)နာရီ အချိန်တွင် သန်လျင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အတူ သွားရောက်လှူဒါန်းပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #ygn_jul 2021

  • လေဘေးအတွက် အမိုးသွပ်များ လှူဒါန်းခြင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ရေကျော်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ (၇)လမ်းရှိ သီရိမင်္ဂလာကျောင်းတိုက်တွင် အမိုးသွပ်များ လွင့်ပါပျက်စီးခဲ့ပါသဖြင့် ဘုန်းတော်ကြီးကျောင်းအဆောက်အဦအတွတ် အမိုးသွပ်(၁၈၀) ချပ် အား (၁၆-၇-၂၀၂၁)ရက်နေ့ (၁၆:၃၀)နာရီ အချိန်တွင် ခရမ်းမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ သွားရောက်လှူဒါန်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha-sgw #ygn_jul 2021

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား သုံးသပ်အကဲဖြတ် ရေးအဖွဲ့ Monitoring and Evaluation Team အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

    ၁၆ ရက်၊ ဇူလိုင်လ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား သုံးသပ်အကဲ ဖြတ်ရေးအဖွဲ့ Monitoring and Evaluation Team အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန အစည်းအဝးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် … Read more

  • COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လားရှိုးမြို့နေ ပြည်သူများ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၆-၇-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်(၁)၊ ပါရမီလမ်း၌ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင် ပေးခြင်း၊ Mask များဖြန့်ဝေပေးခြင်းနှင့် အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းတာခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်‌ရောဂါနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ အကြောင်း အသိပညာပေးဆောင်ရွက်ခြင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ ရမည်းသင်းမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ရမည်းသင်းမြို့နယ်အတွင်းရှိ ကတင်ကျေးရွာအုပ်စုနှင့် ပေါက်အိုင်ကျေးရွာအုပ်စု၊ ကတင်ရွာ၊ နေပူကုန်းရွာ၊ ဘုမ္မရွာ၊ ဇီးဖြူကန်ရွာ၊ ပေါက်အိုင်ရွာ၊ ဆားကျင်း(တ)ရွာနှင့် ဆားကျင်း(မ)ရွာများသို့ (၁၅-၇-၂၀၂၁) ရက်နေ့တွင် COVID-19 ကူးစက်‌ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရမည်းသင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_jul 2021

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၇.၂၀၂၁)ရက်နေ့တွင့် အဖွဲ့(၂)ဖွဲ့ခွဲ၍‌ ဆောင်ရွက်ခဲ့ရာ အဖွဲ့(၁)မှ စဝ်စံထွန်းစျေး၊ ရဲဘော် ဈေးနှင့် Ocean Center တို့တွင် လည်းကောင်း၊ အဖွဲ့(၂)မှ မြို့မဈေး၊ ဘူတာဈေးနှင့် အမှတ်(၅)ဈေးတို့တွင်  Covid-19 ရောဂါ တတိယလှိုင်း ကူးစက်ပျံ့နှံမှု ပိုမိုမဖြစ်ပွားစေရန်အတွက်ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့ စက်ဖြင် နှိုးဆော်ခြင်း၊ Covid-19 ‌ရောဂါအသိပညာပေးလက်ကမ်း စာစောင်နှင့် တစ်ခါသုံး Mask (၃၀၀၀) ခု ဝေငှခြင်းအစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း … Read more