လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၇.၂၀၂၁)ရက်နေ့တွင့် အဖွဲ့(၂)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ရာ အဖွဲ့(၁)မှ စဝ်စံထွန်းစျေး၊ ရဲဘော် ဈေးနှင့် Ocean Center တို့တွင် လည်းကောင်း၊ အဖွဲ့(၂)မှ မြို့မဈေး၊ ဘူတာဈေးနှင့် အမှတ်(၅)ဈေးတို့တွင် Covid-19 ရောဂါ တတိယလှိုင်း ကူးစက်ပျံ့နှံမှု ပိုမိုမဖြစ်ပွားစေရန်အတွက်ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့ စက်ဖြင် နှိုးဆော်ခြင်း၊ Covid-19 ရောဂါအသိပညာပေးလက်ကမ်း စာစောင်နှင့် တစ်ခါသုံး Mask (၃၀၀၀) ခု ဝေငှခြင်းအစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_jul2021
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)