COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လားရှိုးမြို့နေ ပြည်သူများ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၆-၇-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်(၁)၊ ပါရမီလမ်း၌ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင် ပေးခြင်း၊ Mask များဖြန့်ဝေပေးခြင်းနှင့် အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းတာခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_jul2021

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events