ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ထိခိုက်ဒဏ်ရာရရှိသူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူသည် (၂၇-၉-၂၀၂၁) ရက်နေ့၊ (၀၆:၅၀) အချိန်ခန့်တွင် ဖာပွန်မြို့၊ မထောကျေးရွာအုပ်စု၊ မထောကျေးရွာ၌ ငါးမြုံးသွားယူစဥ် မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ) ကျပ်တိတိအား (၃၀-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်ခန့်တွင် ဖာပွန်မြို့၊ တပ်မတော်ကုတင် (၁၀၀)သို့ သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #krn_oct2021

  • မိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၆-၉-၂၀၂၁) ရက်နေ့တွင် စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ မန်သဲကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာ၌  မိုးသည်းထန်စွာရွာသွန်းပြီး     မိုးကြိုးပစ်မှုကြောင့် ဒေါ်‌ကျော့ကျော့ခိုင် (၂၃)နှစ်၊ (အဘ)ဦးမောင်ညို မိုးကြိုးထိမှန်သေဆုံးခဲ့‌ရာ ၎င်းသေဆုံးသူအတွက် ထောက်ပံ့ ငွေကျပ်(၃၀၀,၀၀ဝိ/-)အား (၃၀-၉-၂၀၂၁)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ  မန်သဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးထံမှတဆင့် ကျန်ရစ်သူမိသားစုဝင် များထံသို့  ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #sgg_oct2021 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ (၂၉-၉-၂၀၂၁)ရက်နေ့ နံနက် (၈)နာရီမှ နေ့လည် (၁၂)နာရီအချိန် အထိ လှိုင်းဘွဲမြို့နယ်အတွင်းရှိ (က)ရပ်ကွက်၊ ဒိုင်းပြကုန်းကျေးရွာနှင့် ဒိုင်းပြကျေးရွာတို့တွင် COVID-19 နှင့် ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်အချက်များအား ပြည်သူများထံသို့ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2021 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၉-၂၀၂၁) ရက်နေ့၊ (၁၂:၀၀) နာရီချိန်မှ (၁၆:၀၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ ‌မူးကဝါကျေးရွာ၊ ကော့သံခါကျေးရွာ၊ ရွှေတော ကျေးရွာ၊ ခြံကလေးကျေးရွာ၊ ကော့ပလန်ကျေးရွာ၊ ကော့မူးတာအရှေ့ကျေးရွာ၊ ကော့မူးတာ အနောက်ကျေးရွာ၊ ကော့ဒိုက်ကျေးရွာ၊ ကော့ဒါန်းကျေးရွာ၊ ဖြတ်လှိုင်းကျေးရွာ၊ ကော့သလို့ ကျေးရွာ၊ဒုံသို့ကျေးရွာနှင့်ပိုင်ရန်းကျေးရွာများသို့သွားရောက်၍ လော်စပီကာဖြင့် ပြည်သူများအား COVID-19 အသိပညာပေးဆောင်ရွက်ခဲ့ပြီး Surgical Masks များဖြန့်ဝေခြင်းနှင့် ဗီနိုင်းများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2021 Source: … Read more

  • မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူပြီးစီးမှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၂၁) ရက်နေ့တွင် ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ၊ လူမှုကယ်ဆယ်ရေးရုံးအနီး၌လည်းကောင်း၊ (၂၈-၉-၂၀၂၁)ရက်နေ့တွင် ဘားအံမြို့နယ်၊ လှာကမြင်အုပ်ချုပ်ရေးမှူးရုံးရှေ့၌လည်းကောင်း  မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ်(၉-ပေ x ၆-ပေ)အား စိုက်ထူ ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_sep2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေးဆောင်ရွက်မှု သတင်း

    (၂၈-၉-၂၀၂၁)ရက်နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် နံနက်(၀၇:၀၀)အချိန်မှ (၁၀:၀၀)အချိန်အထိ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့အတွင်း COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Mask များကို ပြည်သူလူထုထံသို့ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)