ထိခိုက်ဒဏ်ရာရရှိသူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူသည် (၂၇-၉-၂၀၂၁) ရက်နေ့၊ (၀၆:၅၀) အချိန်ခန့်တွင် ဖာပွန်မြို့၊ မထောကျေးရွာအုပ်စု၊ မထောကျေးရွာ၌ ငါးမြုံးသွားယူစဥ် မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ) ကျပ်တိတိအား (၃၀-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်ခန့်တွင် ဖာပွန်မြို့၊ တပ်မတော်ကုတင် (၁၀၀)သို့ သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_otr

#krn_oct2021

Sign Up

Upcoming Events