Latest News
-
Covid-19 ကူးစက်ရောဂါအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇–၉–၂၀၂၁) ရက်နေ့၊ (၁၂:၀၀)အချိန်မှ (၁၆:၀၀)အချိန်ထိ ဘားအံမြို့နယ်၊ သီရိမင်္ဂလာကျေးရွာ၊ ထန်းတပင် ကျေးရွာ၊ ကော့ဒါန်းမယ်ကျေးရွာ၊ ကော့မန်းတလိန်ကျေးရွာ၊ ဝါးဆူးကျေးရွာ၊ ခလောက်နိုင်း ကျေးရွာ၊ ကော့ကရဲ့ထော်ကျေးရွာ၊ ဝင်းကျန်ကျေးရွာ၊ ကရင်ဖားလင်ကျေးရွာ၊ ဖားလင်(၁) ကျေးရွာ၊ ထုံးအိုင်စံပြကျေးရွာ၊ နောင်ထလုံးကျေးရွာ၊ တောကြီးကုန်းကျေးရွာ၊ သာယာကုန်း ကျေးရွာ၊ ကော့တရုတ်ရကျေးရွာ၊ ကော့သိုက်ကျေးရွာနှင့် ကော့ထမလိန်းကျေးရွာများရှိ ပြည်သူများသို့ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ပညာပေးဗီနိုင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_sep2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၇.၉.၂၀၂၁)ရက်နေ့၊ (၀၉:၃၀ )နာရီအချိန်မှ (၁၂:၃၀ )နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ သိရှိလိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူများ သိရှိလိုက်နာစေရေးအတွက် အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep_2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
(၂၆-၉-၂၀၂၁) ရက်နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းနှင့် ဘူးကိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာမှ ပြည်သူများသို့လည်းကောင်း၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော သင်ပျို၊ ကျီးအိပ်၊ ဇရပ်ဖြူ၊ ၊ မြောင်းဦး၊ ကြောင်ပန်းကုန်း၊ ညောင်ဝန်း၊ ညောင်ရွှေ၊ ပွတ္တိုင်၊ သင်ပုတ် စသည့်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၁)ရွာတို့မှ ပြည်သူများသို့လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့် ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၉.၂၀၂၁)ရက်နေ့ နံနက်(၀၈:၀၀)အချိန်မှ နေ့လယ်(၁၂:၀၀)အချိန်အထိ လှိုင်းဘွဲမြို့နယ် အတွင်းရှိ ပိန္နဲတောကျေးရွာ၊ မဲသိမ်ကုန်းကျေးရွာနှင့် ကွမ်ဘီကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူ များထံသို့ အသိပညာပေးခြင်းလုပ်ငန်းများကို လှိုင်းဘွဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_sep2021 Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၁)ရက်နေ့တွင် (၁၀:၀၀) အချိန်မှ (၁၂:၀၀)အချိန်အထိ ပဲခူးမြို့နယ်၊ ကျေးရွာ(၃)ရွာအတွင်း ကိုဗစ်-၁၉လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်း စာစောင်များ၊ Surgical Maskများကို ပြည်သူလူထုများထံ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု၊ ငါးဖယ်အင်းကျေးရွာအုပ်စုနှင့် အင်ဒိုင်းကျေးရွာအုပ်စုတို့တွင် (၂၂-၉-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်ပိပြိုလဲပျက်စီးခဲ့သည့် လူနေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၀၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၄၄၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၅) အိမ်ထောင်စာတို့အား (၂၇-၉-၂၀၂၁) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_sep_2021 Source: … Read more









