လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၆-၉-၂၀၂၁) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ မန်သဲကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် ဒေါ်ကျော့ကျော့ခိုင် (၂၃)နှစ်၊ (အဘ)ဦးမောင်ညို မိုးကြိုးထိမှန်သေဆုံးခဲ့ရာ ၎င်းသေဆုံးသူအတွက် ထောက်ပံ့ ငွေကျပ်(၃၀၀,၀၀ဝိ/-)အား (၃၀-၉-၂၀၂၁)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မန်သဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးထံမှတဆင့် ကျန်ရစ်သူမိသားစုဝင် များထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#sgg_oct2021
Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)