ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၁)ရက်နေ့တွင် ဝက်လဟာအုပ်စု၊ ကညင်တပင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင် ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ (၇)လုံး၊ အိမ်‌ထောင်စု (၇)စု အတွက်   အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀ဝဝဝ/-) ကျပ် ၊ လူဦးရေ (၃၀) ဦး အတွက်  ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၆၃၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး-(၇၆၃၀၀၀/-) ကျပ်တို့ကို (၁၄-၉-၂၀၂၁) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ … Read more

  • Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၁) ရက်နေ့၊ (၁၄:၀၀) နာရီအချိန် မှ (၁၆:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ကတိုက်ကြီးကျေးရွာနှင့် ကတိုက်ကလေးကျေးရွာတို့တွင် နေထိုင်သော ပြည်သူများအား Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #mon_sep2021 Source:  သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၁) ရက်နေ့၊ (၁၄:၀၀) နာရီ အချိန်ခန့်တွင် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက် အတွင်း ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၈၂) စု၊ လူဦးရေ (၃၄၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၇၃၂၉၀၀/-)ကျပ်နှင် လူ (၁) ဦးလျှင် ပါးစပ်နှင့် နှာခေါင်းစည်း Mask (၂) ခုနှုန်းဖြင့် Mask (၆၉၈)ခု၊ တန်ဖိုးငွေ (၄၁၈၈၀/-)ကျပ်တို့အား … Read more

  • ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၁) ရက်နေ့တွင် ထားဝယ်မြို့နယ်​၊ ရှမ္မတွင်းကျေးရွာနှင့် ကူးတို့ကျေးရွာများအတွင်း ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_sep2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးနှင့် ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၁) ရက်နေ့တွင် (၀၇:၃၀) နာရီအချိန်မှ (၁၁:၁၀) နာရီအချိန်အထိ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နှင့် ရပ်ကွက် (၃) ရပ်ကွက်အတွင်း ကိုဗစ်-၁၉ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန်အချက်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များနှင့် Surgical Mask များကိုလည်း ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source:   ပြည်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၁) ရက်နေ့၊ (၀၉:၀၀) အချိန်မှ (၁၄:၀၀) အချိန်အထိ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊  ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ(၂)ရွာအတွင်း ကိုဗစ်-၁၉ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များနှင့် Surgical Mask များကို ပြည်သူလူထုများထံ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)