ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၁)ရက်နေ့တွင် ဝက်လဟာအုပ်စု၊ ကညင်တပင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင် ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ (၇)လုံး၊ အိမ်‌ထောင်စု (၇)စု အတွက်   အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀ဝဝဝ/-) ကျပ် ၊ လူဦးရေ (၃၀) ဦး အတွက်  ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၆၃၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး-(၇၆၃၀၀၀/-) ကျပ်တို့ကို (၁၄-၉-၂၀၂၁) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာ ဒေသသို့သွားရောက်၍ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_sep2021

Source:  အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events