ရေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၁) ရက်နေ့၊ (၁၄:၀၀) နာရီ အချိန်ခန့်တွင် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက် အတွင်း ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၈၂) စု၊ လူဦးရေ (၃၄၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၇၃၂၉၀၀/-)ကျပ်နှင် လူ (၁) ဦးလျှင် ပါးစပ်နှင့် နှာခေါင်းစည်း Mask (၂) ခုနှုန်းဖြင့် Mask (၆၉၈)ခု၊ တန်ဖိုးငွေ (၄၁၈၈၀/-)ကျပ်တို့အား (၁၄-၉-၂၀၂၁) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_sep2021

Source:   ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events