Latest News
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ အသိပညာပေးသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၂၁) ရက်နေ့ (၀၉:၃၀)အချိန်မှ(၁၂:၀၀)အချိန်ထိ ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာနှင့် ကမာမိုကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ လျော့နည်းပပျောက်စေရန်အတွက် ဆောင်ရန်/ရှောင်ရန်များကို သိရှိနိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များကို အသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ အသိပညာပေးသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၀-၂၀၂၁) ရက်နေ့ (၀၉:၃၀)အချိန်မှ (၁၃:၀၀)အချိန်ထိ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာနှင့် ကွမ်ရိုက်ကျေးရွာ အတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ လျော့နည်းပပျောက်စေရန်အတွက် ဆောင်ရန်/ရှောင်ရန်များကို သိရှိနိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ကို အသိပညာပေးခြင်းနှင့် ရာသီအလိုက် ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၁၀.၂၀၂၁) ရက်နေ့၊ (၁၀:၃၀)အချိန်မှ (၁၃:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာအုပ်စု၌ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့ကို အသံချဲ့စက်ဖြင့် ပြည်သူလူထုထံသို့ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_oct2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ထိခိုက်ဒဏ်ရာရရှိသူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူသည် (၂၇-၉-၂၀၂၁) ရက်နေ့၊ (၀၆:၅၀) အချိန်ခန့်တွင် ဖာပွန်မြို့၊ မထောကျေးရွာအုပ်စု၊ မထောကျေးရွာ၌ ငါးမြုံးသွားယူစဥ် မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ) ကျပ်တိတိအား (၃၀-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်ခန့်တွင် ဖာပွန်မြို့၊ တပ်မတော်ကုတင် (၁၀၀)သို့ သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #krn_oct2021
-
မိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၆-၉-၂၀၂၁) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ မန်သဲကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် ဒေါ်ကျော့ကျော့ခိုင် (၂၃)နှစ်၊ (အဘ)ဦးမောင်ညို မိုးကြိုးထိမှန်သေဆုံးခဲ့ရာ ၎င်းသေဆုံးသူအတွက် ထောက်ပံ့ ငွေကျပ်(၃၀၀,၀၀ဝိ/-)အား (၃၀-၉-၂၀၂၁)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မန်သဲကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးထံမှတဆင့် ကျန်ရစ်သူမိသားစုဝင် များထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #sgg_oct2021 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ (၂၉-၉-၂၀၂၁)ရက်နေ့ နံနက် (၈)နာရီမှ နေ့လည် (၁၂)နာရီအချိန် အထိ လှိုင်းဘွဲမြို့နယ်အတွင်းရှိ (က)ရပ်ကွက်၊ ဒိုင်းပြကုန်းကျေးရွာနှင့် ဒိုင်းပြကျေးရွာတို့တွင် COVID-19 နှင့် ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်အချက်များအား ပြည်သူများထံသို့ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2021 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









