Latest News
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ (၁၆-၆-၂၀၂၂)ရက်နေ့(၁၇း၅၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀ဝ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ (၅၀,၀၀ဝ/-)ကျပ်တို့အား (၂၁-၆-၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ဒေါပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_jun2022 Source: ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၂) ရက်နေ့တွင် လပွတ္တာခရိုင်၊ သုံးမိုင်မြို့သစ်၊ အမျိုးသမီးအိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ သင်တန်းဆရာမ (၁၀) ဦး၊ သင်တန်းသူ (၃၅) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးခဲ့ပြီး ငလျင်ဘေးအန္တရာယ်တုံ့ပြန်ရေး လက်တွေ့သရုပ်ပြခဲ့ခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2022 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် (၂၁-၆-၂၀၂၂)ရက်နေ့ (၀၉း၀၀)နာရီအချိန်မှ (၁၀း၃၀)နာရီ အချိန်ထိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူအင်အားစုစုပေါင်း(၁၅၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောပြီး ဗလာစာအုပ်များ၊ ဘောပင်များ၊ ရေဘေးအသိပညာပေးပိုစတာ၊ လက်ကမ်းစာစောင်များ၊ ငလျင်ဘေးပိုစတာများ ဝေငှခဲ့ပါကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #bgo_jun_2022 Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၁-၆-၂၀၂၂)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ သော်ကကုန်းကျေးရွာ၌ ကျေးရွာနေပြည်သူ(၇၃)ဦးခန့်အား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာအသိပညာများနှင့် သဘာဝဘေး မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးကာလများ၌ ဆောင်ရန်/ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် အသိပညာပေးဗီနိုင်းများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun_2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဧရာ၀တီတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးမှူးရုံးနှင့် ပူးပေါင်း၍ (၂၀-၆-၂၀၂၂)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဇင်ပြွန်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၌ ကျေးရွာနေပြည်သူ(၅၀)ဦးခန့်အား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာအသိပညာများနှင့် သဘာဝဘေး မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးကာလများ၌ ဆောင်ရန်/ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် အသိပညာပေးဗီနိုင်းများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun_2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာအသိပညာပေးဆောင်ရွက်မှုသတင်း
(၂၀.၆.၂၀၂၂)ရက်နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့၊ မူလတန်းကြိုကျောင်းတွင် ဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း၌ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ ကြိုတင်ပြင်ဆင်တတ်စေရန်နှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သရုပ်ပြခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_june2022 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)









