သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာအသိပညာပေးဆောင်ရွက်မှုသတင်း

(၂၀.၆.၂၀၂၂)ရက်နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့၊ မူလတန်းကြိုကျောင်းတွင် ဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း၌ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ ကြိုတင်ပြင်ဆင်တတ်စေရန်နှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သရုပ်ပြခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#tny_june2022

Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events