ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဘုတလက်တန်းကျေးရွာအုပ်စု၊ ဘုတလက်တန်းကျေးရွာ၌ (၂၁-၆-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၁)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂,၁၀ဝ/-) ကျပ်တို့ အား(၂၃-၆-၂၀၂၂)ရက်နေ့(၁၄း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့်အတူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ဘေးသင့်ပြည်သူများ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၈)ရပ်ကွက်၊ အ.မ.က(မူလွန်)ကျောင်း၊ တုံးလှဲရပ်တွင် ကျောင်းသား၊ ကျောင်းသူ(၁၃၀)ဦးခန့်တို့အား (၂၂.၆.၂၀၂၂)ရက်နေ့၊ မွန်းလွဲ (၁၄:၀၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ သဘာဝဘေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun_2022 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ (၂၃-၆-၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်မှ (၁၀:၃၀) အချိန်ထိ လားရှိုးမြို့၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိ ပညာပေးဟောပြောခြင်းနှင့်  ကျား၊ မရေးရာအခြေပြုအကြမ်းဖက်မှုဆိုင်ရာများ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်း၊ ကျောင်းသုံးစာရေးကိရိယာများ၊  လက်ဆေးဆပ်ပြာဆီများနှင့် အဝတ်Mask များအား ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃ – ၆ – ၂၀၂၂)ရက်နေ့ (၁၀း၀၀) အချိန်မှ (၁၁း၀၀)နာရီအချိန်အထိ မအူပင်မြို့၊ ရေလဲ (အထက) စာသင်ကျောင်းတွင် ကျောင်းသား/သူ (၁၅၀) ဦး၊ ဆရာ/ဆရာမ (၇)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များဟောပြောခြင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ အမေး/အဖြေများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗလာစာအုပ်နှင့် ဘော့ပင်များ ဝေငှပေးခြင်း၊ (၅ပေX၄ပေ) ရေဘေးဗွီနိုင်းပိုစတာ(၁) ချပ်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2022 … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ (၂၂-၆-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) အချိန်မှ (၁၂:၀၀) နာရီအချိန်ထိ လားရှိုးမြို့၊ အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဟောပြောခြင်း၊ ကျား/မရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာများ အသိပညာပေး ဟောပြော ခြင်းနှင့် မူးယစ်ဆေးနှင့် လူကုန်ကူးမှုအန္တရာယ်တို့၏ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာ ပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာ ပေးလက်ကမ်းစာစောင်များ … Read more

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်း ချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ သောင်ကြီးကျေးရွာ၌ (၁၈-၆-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း/ပြောင်းရွေ့ခဲ့ရသည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ စုစုပေါင်း လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၈,၄၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀ဝ/-) ကျပ်တို့အား (၂၂-၆-၂၀၂၂)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင်တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jun2022 Source:         ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)