Latest News
-
မြန်မာရေလုပ်သားများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာ ရေလုပ်သား (၉) ဦးအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည်၊ တီရှပ်၊ တဘက်နှင့် ဆပ်ပြာတောင့်တို့အား (၆-၃-၂၀၂၂) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ygn_mar2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၀)ရပ်ကွက်၊ အပိုင်း(၂)၊ ပဲခူးမြစ်လမ်းသွယ် (၂)လမ်းနှင့် စွယ်တော် (၂)လမ်းတွင် (၅-၃-၂၀၂၂) ရက်နေ့၊ (၀၅း၁၀)နာရီအချိန်၌မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျူးကျော်အိမ်ခြေ (၃၁)လုံးမီးဘေး သင့်ခဲ့ပြီး၊ အိမ်ထောင်စု (၃၁) စုမှ လူဦးရေ (၁၃၁)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်လူဦးရေ (၁၃၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၇၅,၁၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၃၁)စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု (၁) … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လားရှိုးမြို့နယ်၊ ပန်ထိုလင်ယော်ကျေးရွာအုပ်စု၊ ခိုခမ်းကျေးရွာ လမ်း၌ (၅-၃-၂၀၂၂)ရက်နေ့ (၀၈း၃၀)နာရီအချိန်တွင် လက်ပစ်ဗုံးအဟောင်းတစ်လုံး ပေါက်ကွဲမှုဖြစ်စဉ် ကြောင့် သေဆုံးကလေး (၃)ဦးအတွက် (၁)ဦးလျှင်(၃၀၀,၀၀၀/-)နှုန်းဖြင့် (၃)ဦးအတွက်(၉၀၀,၀၀၀/-)၊ ဒဏ်ရာရ (၁၁)ဦးအတွက် (၁) ဦးလျှင် (၅၀,၀၀၀/-) နှုန်းဖြင့် (၁၁)ဦးအတွက် (၅၅၀,၀၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၄၅၀,၀၀၀/-)ကျပ်တို့အား (၅-၃-၂၀၂၂)ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (ခရိုင်အုပ်ချုပ်ရေးမှူး)အဖွဲ့ဝင်များနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_mar2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်အတူ (၅-၃-၂၀၂၂) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ကလွီကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရန် နေအိမ်များကို အားဖြည့်ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_sgw #mon_mar2022 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၂) ရက်နေ့တွင် နတ်စဉ်ကျေးရွာအုပ်စုအတွင်းရှိ (နတ်စဉ်၊ ကံကုန်း၊ မြဦးအိုင်၊ ကျုံလှ အရှေ့၊ ကျုံလှအနောက်)ကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများအား ဖြန့်ဝေပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များအား အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ လေပြင်းဘေးဒဏ်ခံနိုင်ရေး နေအိမ်များအား ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw #ayy_mar2022
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၃) ရပ်ကွက်(ဝါးတရာ) လမ်းဘေးတွင် (၂-၃-၂၀၂၂)ရက်နေ့၊ (၀၆း၃၅)နာရီအချိန်၌မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျူးကျော် တဲအိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၇,၈၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု(၃)စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု (၃)စုစာအတွက် ဆပ်ပြာ (၃)တောင့်၊ လူဦးရေ (၁၈)ဦးအတွက် Mask (၃၆)ခုတို့အား … Read more









