သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် (၂၁-၆-၂၀၂၂)ရက်နေ့ (၀၉း၀၀)နာရီအချိန်မှ (၁၀း၃၀)နာရီ အချိန်ထိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူအင်အားစုစုပေါင်း(၁၅၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောပြီး ဗလာစာအုပ်များ၊ ဘောပင်များ၊ ရေဘေးအသိပညာပေးပိုစတာ၊ လက်ကမ်းစာစောင်များ၊ ငလျင်ဘေးပိုစတာများ ဝေငှခဲ့ပါကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#bgo_jun_2022
Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events