သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၁-၆-၂၀၂၂)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ သော်ကကုန်းကျေးရွာ၌ ကျေးရွာနေပြည်သူ(၇၃)ဦးခန့်အား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာအသိပညာများနှင့် သဘာဝဘေး မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးကာလများ၌ ဆောင်ရန်/ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် အသိပညာပေးဗီနိုင်းများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jun_2022
Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events