သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဧရာ၀တီတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးမှူးရုံးနှင့် ပူးပေါင်း၍ (၂၀-၆-၂၀၂၂)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဇင်ပြွန်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၌ ကျေးရွာနေပြည်သူ(၅၀)ဦးခန့်အား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာအသိပညာများနှင့် သဘာဝဘေး မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးကာလများ၌ ဆောင်ရန်/ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် အသိပညာပေးဗီနိုင်းများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_jun_2022
Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events