Latest News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၏ Quick – Wing Project အစီအစဥ်အရ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဧရာ၀တီတိုင်းဒေသကြီး၊ လူမှု၀န်ထမ်းဦးစီးမှူးရုံး၊ မူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် လူကုန်ကူးမှုကာကွယ် တားဆီးရေးအဖွဲ့တို့မှ တာ၀န်ရှိသူများနှင့်ပူးပေါင်း၍ (၅-၇-၂၀၂၂)ရက်နေ့တွင် ပုသိမ်မြို့၊ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းရှိ “ရတနာတန်ဆောင်” ခန်းမ၌ (၈၊၉၊၁၀)တန်းမှ ကျောင်းသား/သူ (၃၅၀)ဦးခန့်အား ဌာနအလိုက် သက်ဆိုင်ရာခေါင်းစဥ်အသီးသီးဖြင့် အသိပညာပေးဆွေးနွေးဟောပြော ခဲ့ပြီး လက်သန့်ဆေးရည်၊ Mask၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် (၅- ၇-၂၀၂၂)ရက်နေ့ နံနက်(၀၉း၃၀)တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/ သူ (၁၅၀)ဦးအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jul_2022 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
တောဆင်ရိုင်ဘေးနှင့် ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၂၂) ရက်တွင် ရန်ကုန် မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူကျေးရွာအုပ်စု၊ သာယာအေးကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀ဝ/-)ကျပ်အား လည်းကောင်း၊ (၂၃-၆-၂၀၂၂)ရက်တွင် ဖလုံဘူတာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀ဝ/-)ကျပ် အားလည်းကောင်း၊ … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၂)ရက်နေ့(၀၆း၂၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် သေဆုံးသူ(၂)ဦး အတွက် ထောက်ပံ့ငွေ(၆၀၀၀၀ဝိ/-)ကျပ်အား (၁-၇-၂၀၂၂)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_jul_2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃.၆.၂၀၂၂)ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်စု၊ ဇေဒိတ်ကျေးရွာ၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၂)လုံးမှအိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ်ထောင်စာ တန်ဖိုးငွေ (၉၂,၇၂၈/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀ဝိ/-)နှင့်မီးဘေးသင့်လူဦးရေ(၁၂)ဦး အတွက်(၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၂၅,၂၀ဝိ/-)တို့အား (၂၈.၆.၂၀၂၂)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mdl_jul_2022 Source: နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြစ်ရေကြီးခြင်းသတိပေးချက်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၃၀-၆-၂၀၂၂)ရက်နေ့၊ (၁၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါကြောင်းနှင့် ရွှေကူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါကြောင်း ထုတ်ပြန်ထားပါသည်။









