သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၏ Quick – Wing Project အစီအစဥ်အရ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်း​ဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဧရာ၀တီတိုင်း​ဒေသကြီး၊ လူမှု၀န်ထမ်းဦးစီးမှူးရုံး၊ မူးယစ်တိုက်ဖျက်​ရေးအဖွဲ့နှင့် လူကုန်ကူးမှုကာကွယ် တားဆီး​ရေးအဖွဲ့တို့မှ တာ၀န်ရှိသူများနှင့်ပူး​ပေါင်း၍ (၅-၇-၂၀၂၂)ရက်​နေ့တွင် ပုသိမ်မြို့၊ အ.ထ.က(၁) အ​ခြေခံပညာအထက်တန်း​ကျောင်းရှိ “ရတနာတန်​ဆောင်” ခန်းမ၌ (၈၊၉၊၁၀)တန်းမှ ​ကျောင်းသား/သူ (၃၅၀)ဦးခန့်အား ဌာနအလိုက် သက်ဆိုင်ရာ​ခေါင်းစဥ်အသီးသီးဖြင့် အသိပညာ​ပေး​ဆွေး​နွေး​ဟော​ပြော ခဲ့ပြီး လက်သန့်​ဆေးရည်၊ Mask၊ အသိပညာ​ပေးလက်ကမ်းစာ​စောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်​ဝေ​​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။

 

#ar

#ayy_jun2022

Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events