မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃.၆.၂၀၂၂)ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်စု၊ ဇေဒိတ်ကျေးရွာ၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၂)လုံးမှအိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ်ထောင်စာ တန်ဖိုးငွေ (၉၂,၇၂၈/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀ဝိ/-)နှင့်မီးဘေးသင့်လူဦးရေ(၁၂)ဦး အတွက်(၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၂၅,၂၀ဝိ/-)တို့အား (၂၈.၆.၂၀၂၂)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mdl_jul_2022
Source: နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events