ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၂၂) ရက်နေ့တွင်   သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  မြို့မစျေးနှင့် ကြာဖြူလမ်းထောင့်တွင် ပြည်သူလူထုအား ကိုဗစ်-၁၉နှင့် ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့်  လိုက်လံဆော်သြပြီး လက်ကမ်းစာစောင်များ၊ Mask များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လာရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_mar2022

  • မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၂၂) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်ခန့်တွင် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်၊ ကံကြီးပိုင်းလမ်းတွင်ဖြစ်ပွားခဲ့သော မီးဘေးမှအိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ တန်ဖိုးငွေ(၁၄၇,၁၀ဝ)ကျပ်နှင့် လူ(၁)ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၂၀) ခုတို့အား (၁၉-၃-၂၀၂၂) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir #bgo_mar2022

  • မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူအား ထောက်ပံ့မှုသတင်း

    (၁၈-၃-၂၀၂၂)ရက်နေ့ (၁၃း၂၀)ချိန်တွင် သီပေါမြို့နယ်၊ ကျင်သီကျေးရွာအုပ်စု၊ ကြံခင်း(ရေပူ)ကျေးရွာနေထိုင်သော အမျိုးသားတစ်ဦးသည် ကြံစိုက်ခင်းသို့ ကြံကောက်သွားစဉ် မိုင်းနင်းမိ၍ မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိသဖြင့် လားရှိုးပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိရာ အဆိုပါဒဏ်ရာရရှိသူအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထောက်ပံ့ငွေ(၅၀၀၀၀ိ/-)အား (၁၈-၃-၂၀၂၂) ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_mar_2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကိုဗစ်(၁၉)ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၃-၂၀၂၂)ရက်နေ့တွင်   သက်ဆိုင်ရာဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်ပူးပေါင်း၍  လားရှိုးမြို့၊ ရပ်ကွက်(၃)၊ လူထု အခြေပြုဗဟိုဌာနရှေ့တွင် ပြည်သူများအား ကိုဗစ်-၁၉(အိုမီခရွန်)ရောဂါနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့်နှိုးဆော်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်နှင့် Mask များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကိုဗစ် – ၁၉နှင့် ဗီဇပြောင်း (အိုမီခရွန်) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မက်(စ်)များဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၂၂) သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍  ရပ်ကွက် (၁) တွင် ​ပြည်သူလူထုများအား ကိုဗစ် ၁၉နှင့် ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့် အချက်များကို အသံချဲ့စက်ဖြင့်  လိုက်လံဆော်သြပြီး မက်(စ်)များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar_2022 Source:  လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများနှင့်အတူပူးပေါင်း၍ (၁၁-၃-၂၀၂၂)ရက်နေ့တွင် နံနက် (၀၇:၀၀) နာရီမှ (၁၀:၀၀)နာရီအချိန်တွင် ပဲခူးမြို့၊ ဥဿာမြို့သစ်ဈေး၌ မီးဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #bgo_mar_2022 Source:  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)