တောဆင်ရိုင်ဘေးနှင့် ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   (၂၉-၅-၂၀၂၂) ရက်တွင် ရန်ကုန်‌ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊‌ ဖလုံဘူကျေးရွာအုပ်စု၊ သာယာအေးကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် အိမ်‌ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-)ကျပ်၊  လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေ (၈၄၀ဝ/-)ကျပ်အား လည်းကောင်း၊ (၂၃-၆-၂၀၂၂)ရက်တွင် ဖလုံဘူတာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် အိမ်‌ခြေ (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-)ကျပ်၊  လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့‌ငွေ (၁၀၅၀ဝ/-)ကျပ် အားလည်းကောင်း၊  (၂၉-၆-၂၀၂၂) ရက်တွင် ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာအေးကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် အိမ်‌ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့‌ငွေ (၁၄၇၀ဝ/-) ကျပ်အားလည်းကောင်း၊  (၁၇-၆-၂၀၂၂) ရက်တွင် အဖျောက်မြို့၊‌ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပြန်အလယ် သောင်ကျေးရွာတွင် ကမ်းပြိုပိသေဆုံး (၁) ဦးအတွက် သေဆုံး ထောက်ပံ့ငွေ (၃၀၀၀၀ဝ/-)ကျပ်အားလည်းကောင်း၊ (၂၉-၆-၂၀၂၂)ရက် တွင် အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအတွင်း မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်ကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၂)လုံးအတွက် ကြိုတင် ဖျက်သိမ်းထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့‌ငွေ (၁၆၈၀ဝ/-) ကျပ်အားလည်းကောင်း (၁-၇-၂၀၂၂) ရက်၊ (၁၃း၀၀)နာရီအချိန်တွင်‌ တိုက်ကြီးမြို့နယ် အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူ များ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ha_otr

#ha_rbe

#ygn_jul_2022

Source:   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events