Latest News
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၂၂) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ အော်ထဲရပ်တွင် လျှပ်စစ်မီးသုံးစွဲရာမှ ဝါယာရှော့ဖြစ်၍ မီးစတင်လောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးဘေးကြောင့် မီးဘေးသင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁) ပုံးတို့အား (၉-၃-၂၀၂၂) ရက်နေ့ (၁၁:၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် (၉-၃-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ အထက်တန်းကျောင်းသို့ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ ဆရာမများအား အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းများပေးအပ်ခဲ့ပါကြောင် သတင်းရရှိပါသည်။ Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_mar2022
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ဒေါ်ဖဲကွင်းအုပ်စု၊ သင်ပန်းချောင်းကျေးရွာတွင်(၂-၃-၂၀၂၂)နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀ဝ/-)ကျပ်၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂)အိမ်ထောင်စာအတွက် (၉၈၀၇၂/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၁၀၆၇၂/-)ကျပ်အား (၇-၃-၂၀၂၂)ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #aya_mar_2022 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၂) ရက်နေ့တွင် ကံကုန်းကျေးရွာအုပ်စုအတွင်းရှိ (ကံကုန်း၊ မြဦးအိုင်၊ ကံစု၊ လိန်ကုန်း၊ မောင်းထောင်စု၊ ဝက်စု၊ စံလင်းဒေါင့်နှင့် ဘဲကုန်း)ကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများအား ဖြန့်ဝေပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များအား အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ လေပြင်းဘေးဒဏ်ခံနိုင်ရေး နေအိမ်များအား ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw … Read more
-
သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့ပေါ်ရှိ အထက်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များနှင့်ဗီနိုင်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_mar2022 Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိဝန်ထမ်းများသည် (၇-၃-၂၀၂၂) ရက်နေ့တွင် လှိုင်းဘွဲမြို့ပေါ်ရှိ အထက်တန်းကျောင်း၌ နေ့လည်(၁၂:၃၀)အချိန်မှ (၁:၃၀) အချိန်အထိ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆရာ/ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်နှင့် ဗီနိုင်းများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_mar2022 Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









